ခုတင် (၅၀၀) ဆံ့အထူးကုဆေးရုံကြီး၊ ရန်ကုန်
ခုတင် (၅၀၀) ဆံ့အထူးကုဆေးရုံကြီး၊ ရန်ကုန် သည် ရန်ကုန်မြို့တွင် တည်ရှိသည့် အထူးကုဆေးရုံတစ်ခု ဖြစ်သည်။ ဆေးရုံကို ၂၀၁၄ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့တွင် ပထမဆုံး ဖွင့်လှစ်ခဲ့သည်။ ဆေးရုံသည် လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလ်မးတွင် တည်ရှိသည်။ ရန်ကုန်ဆေးရုံကြီးမှ လမ်းလျှောက်သွားမည်ဆိုပါက ၂၀ မိနစ် ကြာမြင့်သည်။ ဤဆေးရုံသည် ယခင်က စွမ်းအင်ဝန်ကြီးဌာနအဖြစ် အသုံးပြုခဲ့သည့် အဆောက်အဦကို ပြုပြင်မွမ်းမံကာ ဖွင့်လှစ်ထားခြင်း ဖြစ်သည်။ ဤဆေးရုံကို မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာနနှင့်အတူ ပုဂ္ဂလိကကုမ္ပဏီများဖြစ်ကြသည့် Original Group, A1, Golden Flower and Shwe Taung Development တို့က တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ကုမ္ပဏီများဘက်မှ အမေရိကန်ဒေါ်လာ ၇.၆ သန်းကျော် ထောက်ပံ့ပေးပြီး ကျန်းမာရေးဝန်ကြီးဌာနက အတွင်းပိုင်းအပြင်အဆင်၊ လိုအပ်သည့် ပစ္စည်းများနှင့် ဝန်ထမ်းများအတွက် တာဝန်ယူရသည်။ ဤဆေးရုံကို နောင်ကာလတွင် အသည်းနှင့် ကျောက်ကပ်အဓိကကုသပေးသည့် ဆေးရုံတစ်ခုအဖြစ် ရည်ရွယ်ထားသည်။





